၁။ ပါဏာတိပါတဝိရတိ၊၂။ အဒိန္နာဒါနဝိရတိ၊ ၃။ကာမေသုမိစ္ဆာစာရဝိရတိ ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ကပ်
သတ်မှတ်ထားသော ကာလတစ်ခုကို ကပ်-ဟု ခေါ်သည်။ အသက်တမ်းအားဖြင့် ပိုင်းခြားသတ်မှတ်ထားသော ကာလကို အာယုကပ်-ဟု ခေါ်သည်။ အသက်အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းဟူသော ဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ခု၊ ထိုအန္တရကပ် ၆၄ ခုသည် အသင်္ချေယျကပ်တစ်ခု၊...