ကာယဒွါရိကစိတ် ၄၆ ပါး

by | Jun 9, 2022 | က | 0 comments

အကုသိုလ်စိတ် ၁၂ ပါး၊ ကာယဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှု။)

ကာမောဃ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။

ကိလေသာ ၁၀-ပါး

၁။ လောဘ၊ ၂။ ဒေါသ၊ ၃။ မောဟ၊ ၄။ မာန၊ ၅။ ဒိဋ္ဌိ၊ ၆။ ဝိစိကိစ္ဆာ၊ ၇။ ထိန၊ ၈။ ဥဒ္ဓစ္စ၊ ၉။ အဟိရိက၊ ၁၀။ အနောတ္တပ္ပ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကဋတ္တာ ကံ

ဂရုက, အာသန္န, အာစိဏ္ဏ အခြေအနေသို့ မရောက်တတ်ဘဲ ယခုဘဝတွင် အမှတ်တမဲ့ သာမန် ပြုအပ်သော ကံများနှင့် ရှေ့ရှေ့ဘဝက ပြုအပ်ခဲ့သော ကံများသည် "ကဋတ္တာ ကံ"...