ကသိုဏ်း

by | Jun 9, 2022 | က | 0 comments

“ကသိဏ” သဒ္ဒါသည် “အလုံးစုံ”ဟူသော အနက်ကို ဟောသည်၊ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်က အလုံးစုံအကုန်အစင် အားလုံး တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင် ကြည့်ရှုအပ်သော အာရုံကိုလည်း “ကသိုဏ်း”ဟု ခေါ်သည်၊ ထိုအာရုံနှင့် အလားတူစွာ ထင်ပေါ်လာသော ပဋိဘာဂနိမိတ်(ပုံရိပ်)ကိုလည်း သဒိသူပစာအားဖြင့် “ကသိုဏ်း”ဟူ၍ပင် ခေါ်သည်။

ကံ

ကိုယ်မှု၊နှုတ်မှု၊စိတ်မှု-ကို ပြုလုပ်အောင် တိုက်တွန်းပေးသော ကုသိုလ်စေတနာ, အကုသိုလ်စေတနာကို ကံ-ဟု...

ကောလံကောလသောတာပန်

သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် အမျိုးကောင်းတစ်ခုမှ အမျိုးကောင်းတစ်ခုသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂-ကြိမ်မှ ၆-ကြိမ်တိုင်အောင် ပဋိသန္ဓေနေနိုင်သည်၊ ထို့နောက် ရဟန္တာ...

ကာမတဏှာ ၁

အာရုံ ၆-ပါးကို သာယာတပ်မက်သော တဏှာသည် "ကာမတဏှာ" မည်၏။