ကမ္မဇရုပ်

by | Jun 9, 2022 | က | 0 comments

ကံကြောင့်ဖြစ်သော ရုပ်။ (အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမာဝစရကုသိုလ်စေတနာ ၈-ပါး၊ ရူပါဝစရကုသိုလ် စေတနာ ၅-ပါး၊ ပေါင်း ၂၅-ပါးသော ကုသိုလ်, အကုသိုလ် စေတနာသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ ခဏတိုင်းခဏတိုင်းမှာ ရုပ်ကို ဖြစ်စေသည်၊ ထိုကံကြောင့်ဖြစ်သော ရုပ်ကို “ကမ္မဇရုပ်”ဟု ခေါ်သည်။ ထိုစေတနာများသည် မိမိသန္တာန်၌ ပြုစီမံထားပြီး၊ ဖြစ်စေထားပြီးသော အတိတ်စေတနာများပင် ဖြစ်ကြသည်။ ထိုပြုစီမံထားပြီး ဖြစ်စေထားပြီးသော စေတနာသည် မိမိသန္တာန်မှာသာ အကျိုးပေးခွင့်သင့်ရာ ဘဝ၌ အကျိုးပေးသည်၊ ကမ္မဇရုပ်များကို ဖြစ်စေသည်။ ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ (“ဥပါဒ်, ဌီ, ဘင်”ဟု ဆိုအပ်သော) ခဏတိုင်းခဏတိုင်းမှာ ဖြစ်ကြရသည်။)

ကာမာဝစရစိတ် ၅၄ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊အဟိတ်စိတ် ၁၈ ပါး၊ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ပေါင်း ၅၄ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကာမယောဂ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကသိုဏ်း ၁၀ ပါး

၁။ ပထဝီကသိုဏ်း၊ ၂။ အာပေါကသိုဏ်း၊ ၃။ တေဇောကသိုဏ်း၊ ၄။ ဝါယောကသိုဏ်း၊ ၅။ နီလကသိုဏ်း၊ ၆။ ပီတကသိုဏ်း၊ ၇။ လောဟိတကသိုဏ်း၊ ၈။ ဩဒါတကသိုဏ်း၊ ၉။ အာကာသကသိုဏ်း၊ ၁၀။ အာလောကကသိုဏ်း။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကာယဝိညာဏဝီထိ

ကာယဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ကာယဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ကာယဒွါရဝီထိစိတ်တို့ပင်...