ကမ္မဇကလာပ် ၉ စည်း

by | Sep 14, 2022 | က | 0 comments

၁။ဇီဝိတနဝကကလာပ်၊ ၂။စက္ခုဒသက ကလာပ်၊ ၃။သောတဒသက ကလာပ်၊ ၄။ဃာနဒသက ကလာပ်၊ ၅။ဇိဝှါဒသက ကလာပ်၊ ၆။ကာယဒသက ကလာပ်၊ ၇။ပုမ္ဘာဝဒသက ကလာပ်၊ ၈။ဣတ္ထိဘာဝဒသက ကလာပ်၊ ၉။ဝတ္ထုဒသက ကလာပ်။(ကံကြောင့်ဖြစ်သော ရုပ် ၁၈ ပါးမှ ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။ ထိုဇီဝိတနဝကကလာပ်တွင် ပသာဒရုပ်ငါးပါး၊ ဘာဝရုပ် ၂ ပါး၊ ဟဒယရုပ်ဟု ခေါ်သော ဝတ္ထုရုပ်၊ ပေါင်း ရှစ်ပါးကို တစ်ပါးချင်းစီပေါင်းစည်းလျက် စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ပုမ္ဘာဝဒသက၊ ဣတ္ထိဘာဝဒသက၊ ဝတ္ထုဒသကဟု ရှစ်မျိုးရလာသည်။ စုစုပေါင်းသော် ကလာပ်စည်း ၉ ခု ရှိလေသည်။)

ကမ္မဇရုပ်

ကံကြောင့်ဖြစ်သော ရုပ်။ (အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမာဝစရကုသိုလ်စေတနာ ၈-ပါး၊ ရူပါဝစရကုသိုလ် စေတနာ ၅-ပါး၊ ပေါင်း ၂၅-ပါးသော ကုသိုလ်, အကုသိုလ် စေတနာသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ ခဏတိုင်းခဏတိုင်းမှာ ရုပ်ကို ဖြစ်စေသည်၊ ထိုကံကြောင့်ဖြစ်သော ရုပ်ကို "ကမ္မဇရုပ်"ဟု ခေါ်သည်။...

ကရုဏာ

ဒုက္ခရောက်နေသော သူကို အာရုံပြု၍ သနားခြင်းသဘော။

ကသိုဏ်း

"ကသိဏ" သဒ္ဒါသည် "အလုံးစုံ"ဟူသော အနက်ကို ဟောသည်၊ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်က အလုံးစုံအကုန်အစင် အားလုံး တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင် ကြည့်ရှုအပ်သော အာရုံကိုလည်း "ကသိုဏ်း"ဟု ခေါ်သည်၊ ထိုအာရုံနှင့် အလားတူစွာ ထင်ပေါ်လာသော ပဋိဘာဂနိမိတ်(ပုံရိပ်)ကိုလည်း...

ကမ္မဘဝ ၁

ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် "သင်္ခါရ" မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် "ကမ္မဘဝ"...

ကာယဒွါရိကစိတ် ၄၆ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊ ကာယဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...