ကမ္မဇရုပ် ၁၈ ပါး

by | Sep 14, 2022 | က | 0 comments

ဟဒယရုပ် ၁ ပါး၊ ဣန္ဒြိယရုပ် ၈ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၈ ပါး။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ကာမာဝစရ ၁၁ ဘုံ

အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊ ပေါင်း ၁၁ဘုံ။ (အပါယ် ၄-ဘုံ-စသည်ကိုလည်း ရှု။)

ကုသလကမ္မပထတရား

သုဂတိဘုံဘဝသို့ ရောက်စေတတ်သည့် လမ်းကြောင်းသဖွယ် ဖြစ်သော တရား။

ကလာပ်

အစိတ်အစိတ်တရားများ ပေါင်းစုမိကြရာ ဖြစ်သောအပေါင်းအဖွဲ့ကို ကလာပ်-ဟု ခေါ်သည်၊ အတူတကွ ဖြစ်ခြင်း၊ အတူတကွချုပ်ခြင်း၊ တူသောမှီရာ မဟာဘုတ် ရှိခြင်း-လက္ခဏာ ၃-ပါးနှင့် ပြည့်စုံသော ရုပ်အပေါင်းကို "ကလာပ်"ဟု...

ကာယဝိညာဏဝီထိ

ကာယဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ကာယဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ကာယဒွါရဝီထိစိတ်တို့ပင်...

ကိလေသာ ၁၀-ပါး

၁။ လောဘ၊ ၂။ ဒေါသ၊ ၃။ မောဟ၊ ၄။ မာန၊ ၅။ ဒိဋ္ဌိ၊ ၆။ ဝိစိကိစ္ဆာ၊ ၇။ ထိန၊ ၈။ ဥဒ္ဓစ္စ၊ ၉။ အဟိရိက၊ ၁၀။ အနောတ္တပ္ပ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...