ဥ နှင့်စသော စာလုံးများ

ဥတုဇကလာပ် ၄ စည်း

၁။သုဒ္ဓဋ္ဌကကလာပ်၊၂။ သဒ္ဒနဝကကလာပ်၊ ၃။လဟုတာဒေကာဒသကကလာပ်၊ ၄။သဒ္ဒလဟုတာဒိဒွါဒသကကလာပ်။( ဥတုဇကလာပ် ၄ စည်းဥတုဇရုပ် ၁၃ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ သဒ္ဒရုပ်နှင့် ပေါင်းစည်းသော် သဒ္ဒနဝကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော်...

ဥပစာ ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။

ဥပသမာနုဿတိ

သင်္ခါရအားလုံး ငြိမ်းရာနိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဥပသမာနုဿတိ မည်၏၊ နိဗ္ဗာန်ကို အာရုံပြု အမှတ်ရနေမှု...

ဥပေက္ခာသဟဂုတ်

ဥပေက္ခာသဟဂုတ်ဟူသော ပုဒ်သည် ဥပေက္ခာ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသည်။ ဥပေက္ခာ= ဥပေက္ခာဝေဒနာနှင့်၊ ဝါ- လျစ်လျူရှုသော ဝေဒနာနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု...

ဥတုဇရုပ်

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် "အအေးငွေ့, အပူငွေ့"ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ...

ဥပစာရဘာဝနာ

ရွာ၏ ဥပစာ အစရှိသည်တို့ကဲ့သို့ အပ္ပနာဘာဝနာ၏ အနီး၌ ဖြစ်လေ့ရှိသော ဘာဝနာသည် ဥပစာရဘာဝနာ မည်၏၊ နီဝရဏတို့ကို ခွာနိုင်ရာအခါမှ စ၍ ဂေါတြဘုအဆုံးရှိသော ကာမာဝစရဘာဝနာ...

ဥပါဒါနက္ခန္ဓာ

ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော လောကီခန္ဓာကို ဥပါဒါနက္ခန္ဓာ-ဟု ခေါ်သည်။

ဥတုဇရုပ် ၁၃ ပါး

သဒ္ဒရုပ် ၁၊ လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၃ ပါး။