၁။ သဒ္ဓိန္ဒြေ၊ ၂။ ဝီရိယိန္ဒြေ၊ ၃။ သတိန္ဒြေ၊ ၄။ သမာဓိန္ဒြေ၊ ၅။ ပညိန္ဒြေ။
ဣ နှင့်စသော စာလုံးများ
ဣဿာ
သူတစ်ပါး ဂုဏ်သိရ်စည်းစိမ်ကို ငြူစူခြင်းသဘော၊မနာလိုခြင်းသဘော။
ဣတ္ထိန္ဒြေ ၁
အမမျိုးစေ့ရုပ်။
ဣဿာသံယောဇဉ် ၁
ငြူစူခြင်းဣဿာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဣဿာသံယောဇဉ်...
ဣတ္ထိန္ဒြေ ၂
ဣတ္ထိဘာဝရုပ်။
ဣဿာသံယောဇဉ် ၂
ဣဿာ။
ဣတ္ထိဘာဝရုပ်
မိန်းမ ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ဣတ္ထိဘာဝရုပ်"ဟု ခေါ်သည်၊
ဣဒံသစ္စာဘိနိဝေသကာယဂန္ထ ၂
ဒိဋ္ဌိစေတသိက်။
ဣဒံသစ္စာဘိနိဝေသကာယဂန္ထ ၁
အလွဲလွဲအမှားမှား ယူပြီးလျှင် "ငါ့အယူသာ မှန်သည်၊ ကျန်အယူအားလုံး အလွဲအမှားချည်း ဖြစ်သည်"ဟု လွန်လွန်ကဲကဲ စွဲလမ်းခြင်းသည် "ဣဒံသစ္စာဘိနိဝေသ"မည်၏။ (ဣဒံ= ဤ ငါ့အယူသာ + သစ္စံ= အမှန်ဟု + အဘိ= လွန်လွန်ကဲကဲ + နိဝေသ= နှလုံးသွင်းမှု, စွဲလမ်းမှု။) ထို ဣဒံသစ္စာဘိနိဝေသသည် သတ္တဝါတို့၏...
ဣဒ္ဓိပါဒ်
ပြီးစီးထမြောက်သော ဈာန်, မဂ်, ဖိုလ်တည်းဟူသော အကျိုးတို့၏ အခြေခံအကြောင်း တရားကို ဣဒ္ဓိပါဒ်...