အလွဲလွဲအမှားမှား ယူပြီးလျှင် “ငါ့အယူသာ မှန်သည်၊ ကျန်အယူအားလုံး အလွဲအမှားချည်း ဖြစ်သည်”ဟု လွန်လွန်ကဲကဲ စွဲလမ်းခြင်းသည် “ဣဒံသစ္စာဘိနိဝေသ”မည်၏။ (ဣဒံ= ဤ ငါ့အယူသာ + သစ္စံ= အမှန်ဟု + အဘိ= လွန်လွန်ကဲကဲ + နိဝေသ= နှလုံးသွင်းမှု, စွဲလမ်းမှု။) ထို ဣဒံသစ္စာဘိနိဝေသသည် သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိ ပဋိသန္ဓေ, ပဋိသန္ဓေ စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် ဣဒံသစ္စာဘိနိဝေသကာယဂန္ထ မည်၏။
ဣန္ဒြိယသံဝရသီလ
"စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန" ၆-ပါးသော ဣန္ဒြေတို့ကို အကုသိုလ်မဖြစ်အောင် စောင့်စည်းခြင်းသည် "ဣန္ဒြိယသံဝရသီလ"...
