အနာဂါမိမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အနာဂါမိမဂ်စိတ်-ဟု ခေါ်သည်။

အ နှင့်စသော စာလုံးများ
အနုလုံ ၁
အနုလုံ-ဟူသည် ဈာန်အား လျော်သော စိတ် ဖြစ်သည်၊ ရှေးရှေးပရိကံနှင့် နောက်က အပ္ပနာအား လျော်စွာဖြစ်တတ်သောကြောင့် အနုလုံဟု ခေါ်သည်။ ရှေးရှေးပရိကံဟူသည်လည်း ယခု အပ္ပနာဝီထိတွင်းက ပရိကံကိုသာ ဆိုလိုသည်မဟုတ်၊ အပ္ပနာဝီထိမရောက်မီ ရှေးရှေးဝီထိများမှ အပ္ပနာဖြစ်အောင် စီမံပေးကြသော...
အပုညာဘိသင်္ခါရ ၂
အကုသိုလ်စိတ်၌ ယှဉ်သော စေတနာ ၁၂-ပါး။
အပ္ပမာဏသုဘာ
အတိုင်းအရှည်ပမာဏမရှိ တင့်တယ်သော ကိုယ်ရောင်ရှိသော ဗြဟ္မာများသည် အပ္ပမာဏသုဘာမည်ကုန်၏။
အဘိဓမ္မာ
ဝိနည်းပိဋက နှင့် သုတ္တန်ပိဋကတို့ထက် ထူးကဲသော တရား(အဘိ-ထူးကဲသော၊ဓမ္မ-တရား)
အရူပရာဂသံယောဇဉ် ၂
ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခု၌ ရှိသော လောဘ။
အဝတ္ထုရုပ် ၂၂ ပါး
ပသာဒရုပ်၊ ဟဒယရုပ်မှ တစ်ပါး ကျန်သော ရုပ်များ။
အဝိဇ္ဇာသဝ ၂
အကုသိုလ်စိတ် ၁၂-ခု၌ရှိသော မောဟ။
အသောဘနစိတ် ၃၀
အကုသိုလ်စိတ် ၁၂ ပါး၊အဟိတ်စိတ် ၁၈ ပါး၊ပေါင်း ၃၀။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...
အာကိဉ္စညာယတနဘုံ
အာကိဉ္စညာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...