ပညာ၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် အဝိဇ္ဇာနုသယ...
အ နှင့်စသော စာလုံးများ
အသင်္ခါရိက
တိုက်တွန်းမှု မပါသော၊ ဝါ- ထက်သန်သော။
အဟောသိ ကံ
မည်သည့်အကျိုးမှ လုံးဝ ပေးမည်မဟုတ်သော ကံသည် "အဟောသိ ကံ" မည်၏။
အာဘဿရာ
လျှပ်စစ်ကဲ့သို့ တလျှပ်လျှပ် ကွန့်မြူးနေသော ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာများကို အာဘဿရာဟု...
အာဝဇ္ဇနဝသီဘော်
အဆင့်ဆင့်အထပ်ထပ် ဈာန်အင်္ဂါကို ဆင်ခြင်နိုင်ခြင်း၊ ဤဝသီဘော်သို့ ရောက်ပါက မနောဒွါရာဝဇ္ဇန်းနောက် ဇောငါးကြိမ်/ လေးကြိမ်၊ ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်းတွင် ဈာန်အင်္ဂါကို...
အာဟာရရုပ်
အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် "အာဟာရရုပ်"မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ "အာဟာရရုပ်"ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် "ဩဇာ"ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို...
အကုသိုလ်စိတ် ၁၂ ပါး
လောဘမူစိတ် ၈ပါး၊ဒေါသမူစိတ် ၂ ပါး၊မောဟမူစိတ် ၂ ပါး။ (လောဘမူစိတ် ၈ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...
အညသမာန်းစေတသိက် ၁၃ ပါး
သဗ္ဗစိတ္တသာဓာရဏာစေတသိက် ၇ ပါး၊ ပကိဏ်းစေတသိက် ၆ ပါး။(သဗ္ဗစိတ္တသာဓာရဏာစေတသိက် ၇ ပါး- စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...
အဒိန္နာဒါန
သူ့ဥစ္စာကို ခိုးယူခြင်း။
အနန္တရူပနိဿယော
အနန္တရပစ္စည်းသည်ပင် အားကြီးသောအကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အနန္တရူပနိဿယ မည်၏။