"အတ္တ ရှိ၏"ဟု ပြောဆို စွဲလမ်းမှုသည် "အတ္တဝါဒုပါဒါန်" မည်၏။

အ နှင့်စသော စာလုံးများ
အနတ္တ
သင်္ခါရတရားတို့သည် အတ္တမဟုတ်၊ ငါမဟုတ် ဟူသော သဘောလက္ခဏာ။
အနိန္ဒြိယရုပ်
မိမိတို့၏ ဆိုင်ရာကိစ္စ၌ အစိုးရမှုမရှိသော(စိုးမိုးနိုင်မှုမရှိသော)ရုပ်များ။
အနုဿတိ ၂
အာရုံတစ်ခုခုကို အဖန်ဖန် အထပ်ထပ် အောက်မေ့ဆင်ခြင်တတ်သော သတိစေတသိက်ကို "အနုဿတိ"ဟု ခေါ်သည်။
အပ္ပနာ မည်သော တရားများ
အပ္ပနာဟူသည် ဝိတက်စေတသိက်၏ အမည် ဖြစ်သည်။ ဝိတက်သည် ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သောကြောင့် အပ္ပနာဟူသော အမည်ကို ရသည်။ ပဌမဈာန်နှင့် ယှဉ်သော စိတ်တို့သည်လည်း ဝိတက်နှင့် အတူယှဉ်တွဲဖြစ်သောကြောင့် အပ္ပနာအမည်ကို ရသည်။ သဒိသူပစာအားဖြင့် ဒုတိယဈာန်-စသည်တို့သည်လည်း ပထမဈာန်နှင့်...
အဘိဇ္ဈာ
သူတစ်ပါးစည်းစိမ်ကို မတရား ရယူရန် ကြံစည်ခြင်း။
အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အရဟတ္တမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...
အရူပါဝစရကုသိုလ်ဈာန်စိတ်
အရူပါဝစရကုသိုလ်စိတ်ကိုပင် အရူပါဝစရကုသိုလ်ဈာန်စိတ်-ဟု ခေါ်သည်။
အဝိဇ္ဇာနီဝရဏ ၁
ညာဏ်၏ဆန့်ကျင်ဘက်မောဟသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ် ပိတ်ပင်တတ်သောကြောင့် အဝိဇ္ဇာနီဝရဏ...
အဝိဟာဘုံ
အဝိဟာဗြဟ္မာတို့၏ ဖြစ်ရာ ဘုံ။