ပူပူဆာဆာ တောင့်တတတ်သော တဏှာပဏိဓိ မရှိသောကြောင့် "အပ္ပဏိဟိတ နိဗ္ဗာန်" ဟု ခေါ်သည်။
အ နှင့်စသော စာလုံးများ
အပ္ပမာဏာဘာဘုံ
အပ္ပမာဏာဘာဗြဟ္မာတို့ နေရာဘုံ။
အဘိသင်္ခါရ
သင်္ခါရနှင့် အနက်တူ၏။
အရူပါဝစရကြိယာစိတ် ၄ ပါး
၁။ အာကာသာနဉ္စာယတနကြိယာစိတ်၊ ၂။ ဝိညာဏဉ္စာယတနကြိယာစိတ်၊ ၃။ အာကိဉ္စညာယတနကြိယာစိတ်၊ ၄။...
အဝိဇ္ဇမာနဝိဇ္ဇမာနပညတ်
ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒြပ်ကို နှစ်မျိုးပေါင်းစပ်၍ သိစေတတ်သော "မိန်းမ+အသံ" စသော...
အဝိနိဗ္ဘောဂရုပ်
တစ်ခုစီ ခွဲခြား၍ မရစကောင်း၊ တပေါင်းတည်းသာ ဖြစ်ကြသော ရုပ်များ။
အဟိတ်ကုသလဝိပါက်
အဟိတ်ကုသလဝိပါက်-ဟူသည် အဟေတုက+ကုသလ+ဝိပါက-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ ကုသလ+ဝိပါက= ကုသိုလ်၏+အကျိုးဖြစ်သော-ဟု အဓိပ္ပါယ်ရသည်။ ကုသိုလ်၏အကျိုးလည်း ဖြစ်သော (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားလည်း...
အာဒီနဝဉာဏ်
ကြောက်မက်ဖွယ်ဘေးဟု ထင်မြင်ထားသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့ကို အပြစ်မြင်သော ဉာဏ်။
အာရုံ
စိတ်, စေတသိက်တို့၏ မွေ့လျော်ရာ။
အာဟာရ
မိမိဆိုင်ရာအကျိုးကို ဖြစ်စေနိုင်ကြသည့် အဇ္ဈတ္တခန္ဓာစဉ်မှာ အလွန်ကျေးဇူး များသော တရားကို အာဟာရ...