မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကြိုးဖြင့် ချည်နှောင်သကဲ့သို့ ချည်နှောင်တတ်သော တရားကို "သံယောဇဉ်"ဟု...

သ နှင့်စသော စာလုံးများ
သင်္ခါရုပါဒါနက္ခန္ဓာ ၁
ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော လောကီစေတနာ-စသော တရားအစု၊လောကီစေတနာ-စသော တရားထု။
သတိသမ္ဗောဇ္ဈင် ၁
ယောဂီပုဂ္ဂိုလ်များ သစ္စာလေးပါးကို သိခြင်း၏ အကြောင်းဖြစ်သော သတိ။
သနိဒဿနရုပ်
မျက်စိဖြင့်(စက္ခုဝိညာဏ်ဖြင့်) မြင်ကောင်းသော ရုပ်ကို "သနိဒဿနရုပ်"ဟု ခေါ်သည်။
သမထကမ္မဋ္ဌာန်း
နီဝရဏစသည်တို့ကို ငြိမ်သက်စေနိုင်သော "သမထဘာဝနာ"ကိုပင် တရားအထူးကို ရကြောင်းဖြစ်သောကြောင့် သမထကမ္မဋ္ဌာန်းဟု...
သမ္ပဋိစ္ဆိုင်းဒွေး ၁
ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် သမ္ပဋိစ္ဆိုင်းဒွေးဟူသည် သမ္ပဋိစ္ဆိုင်း၂ ပါး-ဟု...
သမ္မာကမ္မန္တ ၂
"မဟာကုသိုလ်စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခု"အားဖြင့် စိတ် ၁၆-ခု၌ရှိသော သမ္မာကမ္မန္တ စေတသိက်။
သမ္မာအာဇီဝ ၁
မှန်စွာ အသက်မွေးမှု
သဥပါဒိသေသနိဗ္ဗာနဓာတ်
ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် မချုပ်သေးခင် (ပရိနိဗ္ဗာန် မဝင်စံခင်) အာရုံပြုအပ်သော နိဗ္ဗာန်သည် "သဥပါဒိသေသ နိဗ္ဗာနဓာတ်" မည်၏၊ (သ= ရှိသည် + ဥပါဒိ= ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ် + သေသ=ကိလေသာတို့မှ...
သုခုမရုပ် ၁၆ ပါး
မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။ (မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...