မှန်စွာ ကြံစည်မှု
သ နှင့်စသော စာလုံးများ
သဟဇာတပစ္စယော
အတူတကွ ဖြစ်လျက် ကျေးဇူးပြုတတ်သော တရား။
သီလဗ္ဗတုပါဒါန် ၂
ဒိဋ္ဌိစေတသိက်။
သုဒဿာဘုံ
သုဒဿာဗြဟ္မာတို့ ဖြစ်ရာ ဘုံ။
သောတဓာတ် ၂
သောတပသာဒရုပ်။
သောတိန္ဒြေ ၁
ကြားခြင်းကို လွှမ်းမိုးထားသော နားအကြည်ဓာတ်။
သကဒါဂါမ်
ဤကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေ လာနေနိုင်သည်၊ သို့သော် ကာမဘုံချင်း ပြောင်းရွှေ့လာနေခြင်းသာ ဖြစ်သည်၊ ဗြဟ္မာ့ပြည်မှ လာနေသည် မဟုတ်ပါ။ ထိုသို့ ကာမဘုံ၌ တစ်ကြိမ်မျှသာ ပဋိသန္ဓေလာနေနိုင်သောကြောင့် "သကဒါဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်။ (သကိံ= တစ်ကြိမ် + အာဂါမီ= ပဋိသန္ဓေ လာနေသူ။)...
သတိ
အောက်မေ့ခြင်း မမေ့လျော့ခြင်းသဘော။
သဒ္ဒါရုံ
အသံ
သပ္ပဋိဃရုပ်
ဓာတ်သဘာဝအလိုက် ထိခိုက်တတ်သော ရုပ်များ။ ထိခိုက် ကိုင်တွယ် စမ်းသပ်ရန် လွယ်ကူသောကြောင့်ပင် ထိခိုက်တတ်ဟု ဆိုခြင်း...