မ နှင့်စသော စာလုံးများ

မိစ္ဆာဝါယာမ ၁

မှားယွင်းဖောက်ပြန် မဟုတ် မမှန် အားထုတ်မှုသည် "မိစ္ဆာဝါယာမ" မည်၏။

မောစတုက် ၄ ပါး

၁။ မောဟ၊ ၂။ အဟိရိက၊ ၃။ အနောတ္တပ္ပ၊ ၄။ ဥဒ္ဓစ္စ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

မဂ်စိတ်

မဂ်နှင့် ယှဉ်တွဲဖြစ်သော စိတ်သည် မဂ်စိတ်။

မနောဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိစိတ်။

မဟာကုသိုလ်စိတ် ၈ ပါး

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်...

မောဟ

အာရုံ၌ တွေဝေခြင်း (အာရုံ၏ အမှန်သဘောကို မသိခြင်း) သဘော။

မဂ်စိတ်အကျဉ်း ၄ ပါး

၁။သောတာပတ္တိမဂ်စိတ်၊ ၂။သကဒါဂါမိမဂ်စိတ်၊ ၃။အနာဂါမိမဂ်စိတ်၊ ၄။အရဟတ္တမဂ်စိတ်။