မဟာကုသိုလ်စိတ် ၈ ပါး

by | Jun 9, 2022 | မ | 0 comments

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ ပေါင်း ဂ ပါး။

မနောဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိစိတ်။

မဟဂ္ဂုတ်စိတ် ၂၇ ပါး

ရူပါဝစရစိတ် ၁၅ ပါး၊ အရူပါဝစရစိတ် ၁၂ ပါး၊ပေါင်း ၂၇ ပါး။ (ရူပါဝစရစိတ် ၁၅ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

မဂ္ဂသစ္စာ ၁

ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အမှန်တရား။

မဂ်စိတ်အကျဉ်း ၄ ပါး

၁။သောတာပတ္တိမဂ်စိတ်၊ ၂။သကဒါဂါမိမဂ်စိတ်၊ ၃။အနာဂါမိမဂ်စိတ်၊ ၄။အရဟတ္တမဂ်စိတ်။

မာနာနုသယ ၁

မာနသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် မာနာနုသယ မည်၏။

မနောဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အထူးသိစိတ်။