ဖ နှင့်စသော စာလုံးများ

ဖောဋ္ဌဗ္ဗဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော တွေ့ထိဆွယ်။

ဖရုသဝါစာ

ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း။

ဖဿ

အာရုံကို တွေ့ထိခြင်းသဘော။

ဖဿ ၁

စက္ခု-စသော အာယတနခြောက်ပါးကြောင့် စက္ခုဝိညာဉ်-စသည့်ခြောက်ပါး၌ ဖြစ်ပေါ်သော အာရုံကို တွေ့ထိခြင်းသဘော၊ အာရုံကို တွေ့ထိမှု။ ကျမ်းစာတို့၌ စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ -စသည်ဖြင့်...

ဖဿ ၂

စက္ခုဝိညာဉ် စသော ခြောက်ပါး၌ ယှဉ်သော ဖဿစေတသိက် ၆ ပါး။