ပ နှင့်စသော စာလုံးများ

ပရိတ္တသုဘာ

နည်းပါးသော တင့်တယ်သော ကိုယ်ရောင်ရှိသော ဗြဟ္မာများသည် ပရိတ္တသုဘာမည်ကုန်၏။

ပါဒကဈာန်

မဂ်စိတ်ဖြစ်စေရန် ဝင်စားသော အခြေခံဖြစ်သော ဈာန်

ပဉ္စဒွါရာဝဇ္ဇန်း

ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို)...

ပဉ္စမဈာန်

ဥပေက္ခာ, ဧကဂ္ဂတာ နှစ်ပါးအစု (နှစ်ပါးပါးအားလုံးပေါင်း)ကို ပဉ္စမဈာန်-ဟု ခေါ်သည်။