ပ နှင့်စသော စာလုံးများ

ပုရိသဘာဝရုပ်

ယောကျ်ား ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ပုရိသဘာဝရုပ်"ဟု ခေါ်သည်၊

ပစ္စဝေက္ခဏာဉာဏ်

မဂ်၊ဖိုလ်၊နိဗ္ဗာန်၊ပယ်ပြီးသော ကိလေသာနှင့် မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်သော ဉာဏ်။ (မဂ်စိတ် ၁-ကြိမ် ဖြစ်ပြီးသည့်နောက် မန္ဒပုဂ္ဂိုလ်ဖြစ်က ဖိုလ်ဇော ၂-ကြိမ် တိက္ခပုဂ္ဂိုလ်က ဖိုလ်ဇော ၃-ကြိမ် ဖြစ်ပြီးသည့်အတွက် ဘဝင်ကျရတော့သည်။ မဂ္ဂဝီထိနောက် ဘဝင်အပြတ်မှာ ပစ္စဝေက္ခဏာ...

ပဋိဃသမ္ပယုတ်

ပဋိဃသမ္ပယုတ်-ဟူသော ပုဒ်သည် ပဋိဃ+သမ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်၊ ပဋိဃ= အာရုံကို ထိပါး-ထိခိုက်တတ်သော ဒေါသနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...

ပတ္တိဒါန

မိမိရသော ကုသိုလ်အဖို့ကို အမျှပေးဝေမှု။

ပရိစ္ဆေဒရုပ်

ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်အောင် ပိုင်းခြားတတ်သောကြောင့် အာကာသဓာတ်ကို ပရိစ္ဆေဒရုပ်ဟု...

ပါတိမောက္ခသံဝရသီလ

ဝိနည်းပိဋကတ်၌ ပညတ်ထားသမျှသော သိက္ခာပုဒ်သီလဟူသမျှကို စောင့်ရှောက် ထိန်းသိမ်း ခြင်းသည် "ပါတိမောက္ခသံဝရသီလ"...

ပဋိဃာနုသယ ၁

ယှဉ်ဖက်တရားတို့ကို ဖျက်ဆီးတတ်သော တရားတို့ကို "ပဋိဃ"ဟု ခေါ်သည်၊ ထိုပဋိဃသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် ပဋိဃာနုသယ...

ပထမဈာန်

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ဧကဂ္ဂတာ ငါးပါးအစု (ငါးပါးအားလုံးပေါင်း) ကို ပထမဈာန်-ဟု ခေါ်သည်။