ပ နှင့်စသော စာလုံးများ

ပဋိသန္ဓေ ၄ မျိုး

၁။ အပါယ်ပဋိသန္ဓေ၊ ၂။ ကာမသုဂတိပဋိသန္ဓေ၊ ၃။ ရူပါဝစရပဋိသန္ဓေ၊ ၄။ အရူပါဝစရပဋိသန္ဓေ။

ပရနိမ္မိတဝသဝတ္တိဘုံ

သူတစ်ပါးဖန်ဆင်းထားသော စည်းစိမ်ကို မိမိအလိုအတိုင်း ဖြစ်စေကြသော နတ်တို့ ဖြစ်ရာ ဘုံ။

ပဝတ္တိအခါ

ပဋိသန္ဓေနှင့် စုတိတို့၏ ကြားကာလကို ပဝတ္တိအခါ-ဟု ခေါ်သည်။ အဘိဓမ္မာအလိုအားဖြင့် ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)တို့၏ ဥပါဒ်(ဖြစ်ဆဲ)ခဏကိုသာ "ပဋိသန္ဓေ"ဟု ခေါ်သည်၊ ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)များ ဥပါဒ်ပြီး(ဖြစ်ပြီး)သည့်နောက် ဌီခဏမှ စ၍ ထိုဘဝ၏ စုတိစိတ်၏...

ပစ္စည်း

ကျေးဇူးပြုတတ်၊ ထောက်ပံ့ကူညီပေးတတ်သော ဟိတ်-စသော တရားမျိုးကို ပစ္စယ= ပစ္စည်းဟု ခေါ်သည်။

ပဋိသန္ဓေ ကိစ္စ

ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်းအလုပ်သည် ပဋိသန္ဓေကိစ္စ မည်၏၊

ပရမတ္ထတရား

မိမိတို့၏ ပင်ကိုသဘောမှ ဖောက်ပြန် ပြောင်းလွှဲခြင်း မရှိသော၊ မှန်ကန်လျက် တကယ်ရှိသော အရှိတရား။ (တစ်နည်း) မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံပြုရာ၊ ကျက်စားရာဖြစ်သော တရား ။(ပရမတ္ထကို ပရမ+အတ္ထ-ဟု ပုဒ်ခွဲ၊ပရမ-မြတ်သော၊ အချုပ်ပဓာနဖြစ်သော၊ သဘောတရား။တစ်နည်း=ပရမ-မြတ်သော...

ပသာဒရုပ်

အကြည်ဓာတ်သဘော ရှိသောကြောင့် စက္ခု-စသည်တို့ကို "ပသာဒရုပ်"ဟု ခေါ်သည်။