ဇ နှင့်စသော စာလုံးများ

ဇစ္စန္ဓ

မျက်စိအကြည်ဓာတ်ကို ဖြစ်စေနိုင်သော ကံ- မရှိသည့်အတွက် ဖြစ်ပေါ်ရမည့်အချိန်မှာ မျက်စိအကြည်ဓာတ် ဖြစ်ပေါ်မှု မရှိသောသူကို "ဇစ္စန္ဓ"ဟု ခေါ်သည်၊ ဖြစ်ပြီးမှ တစ်စုံတစ်ခုသော ဘေးရန်ကြောင့် စက္ခုပျက်စီးရသူကား 'ဇစ္စန္ဓ' မဟုတ်ပါ။ (ဇစ္စန္ဓ-ဟူသော ပုဒ်သည် ဇာတိ+အန္ဓ-ဟူသော နှစ်ပုဒ်မှ...

ဇိဝှါဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျက်သိစိတ်။

ဇိဝှါပသာဒ

လျှာအကြည်ဓာတ်ကို "ဇိဝှါပသာဒ"ဟု ခေါ်သည်၊ ထိုဇိဝှါပသာဒသည် လျှာ၏အလယ် ကြာပွင့်ဖတ်များနှင့် တူသော အရပ်ကို...

ဇိဝှါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော လျှာ။

ဇနက ကံ

'ဝိပါက်စိတ်, စေတသိက်'-ဟူသော နာမ်ခန္ဓာနှင့် ကံ-အကြောင်းခံ၍ ဖြစ်လာရသော ရုပ်ခန္ဓာတို့ကို "အကျိုးတရား"ဟု ခေါ်သည်၊ ယင်းအကျိုးတရားတို့ကို ပဋိသန္ဓေအခါမှာ ဖြစ်စေ၊ ပဝတ္တိအခါမှာ ဖြစ်စေ, အခွင့်သာရာအခါ၌ မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံသည် "ဇနက ကံ"...

ဇရတာ

ရုပ်တို့၏ ရင့်ရော်မှု ဌီခဏသည် ဇရတာမည်၏။ ရုပ်တို့၏ ဘင်ခဏသို့ ရှေးရှုလျက် ရင့်ရော်ဆွေးမြေ့လာခြင်းသည် ဇရတာ...

ဇရာမရဏ ၁

အိုခြင်းသည် "ဇရာ" မည်၏၊ သေခြင်းသည် "မရဏ" မည်၏။

ဇိဝှါဝိညာဏဝီထိ

ဇိဝှါဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဇိဝှါဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဇိဝှါဒွါရဝီထိစိတ်တို့ပင်...