က နှင့်စသော စာလုံးများ

ကိလေသဝဋ် ၁

ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကိလေသာလည်းဖြစ်၊ သံသရာ၌ ချာချာလည်စေတတ်သော ဝဋ်လည်းဖြစ်သော တရားကို ကိလေသဝဋ်ဟု...

ကံ

ကိုယ်မှု၊နှုတ်မှု၊စိတ်မှု-ကို ပြုလုပ်အောင် တိုက်တွန်းပေးသော ကုသိုလ်စေတနာ, အကုသိုလ်စေတနာကို ကံ-ဟု...

ကမ္မဒွါရ

ကာယကံ ဝစီကံတို့၏ ထမြောက်အောင်မြင်ကြောင်း ဖြစ်သော ရုပ်များ။

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။

ကမ္မနိမိတ် ၂ ပါး

၁။ ဥပလဒ္ဓပုဗ္ဗကမ္မနိမိတ်၊ ၂။ ဥပကရဏဘူတ ကမ္မနိမိတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကမ္မပစ္စယော

ကံ (စိတ်၏ ကြောင့်ကြစိုက်မှု အမူအရာ) အဖြစ်ဖြင့် ကျေးဇူးပြု တတ်သော တရား။

ကမ္မဘဝ ၁

ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် "သင်္ခါရ" မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် "ကမ္မဘဝ"...