က နှင့်စသော စာလုံးများ

ကာမုပါဒါန် ၁

ငါးပါးအာရုံ ကာမဂုဏ်၌ စွဲလမ်းတတ်သော တရားသည် "ကာမုပါဒါန်"မည်၏။

ကာယမ္မညတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှုမှာ ခံ့ကျန်းခြင်းသဘော။

ကိစ္စ

လူတို့၏ လုပ်ငန်းကို "ကိစ္စ" ခေါ်၍ အလုပ်ရုံကို "ဌာန" ခေါ်သကဲ့သို့ ထို့အတူ စိတ်တည်းဟူသော ပရမတ္ထတရား၏ ပဋိသန္ဓိ (ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်း)စသော အခြင်းအရာ လုပ်ငန်း အရပ်ရပ်ကို "ကိစ္စ"ဟု...