သြဃ

ရေအလျဉ်နှင့် တူသော တရား။ (သြဃသဒ္ဒါ၏ ဟောရင်းအနက်မှာ အဟုန်ပြင်းထန်သော ရေအလျဉ် ဖြစ်သည်၊ ဤအရာ၌ကား ထိုရေအလျဉ်နှင့် တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟကို “သြဃ”ဟု ခေါ်သည်၊ ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့အတူ လောဘ, ဒိဋ္ဌိ, မောဟတို့သည်လည်း...

သမ္မာအာဇီဝ ၂

“မဟာကုသိုလ်စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခု”အားဖြင့် စိတ် ၁၆-ခု၌ရှိသော သမ္မာအာဇီဝ စေတသိက်။

သမ္မာအာဇီဝ

အသက်မွေးမှုနှင့် စပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်းသဘော။

သမ္မာသမာဓိ ၂

သောဘနစိတ် တစ်ခုယုတ်ခြောက်ဆယ်၌ရှိသော ဧကဂ္ဂတာစေတသိက်။