အဒ္ဓါသမ္မသနနည်း

အတိတ်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာ, ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာစသည်ဖြင့် ဘဝခွဲခြား၍ သုံးသပ်ခြင်း။

အဒေါသ

မခက်ထန် မကြမ်းတမ်းခြင်းသဘော။

အဒိန္နာဒါနဝိရတိ

အဒိန္နာဒါနမှ ရှောင်ကြဉ်ခြင်း(သူတစ်ပါး မပေးသော ဥစ္စာကို ထိုသူမသိအောင် မယူခြင်း)။

အတ္ထိပစ္စယော

ထင်ရှားရှိသည်၏ အဖြစ်ဖြင့် (ထင်ရှားရှိသည်သာလျှင် ဖြစ်သော တရားအား ထောက်ပံ့လျက်) ကျေးဇူးပြုတတ်သော...