အနုလုံ ၁

အနုလုံ-ဟူသည် ဈာန်အား လျော်သော စိတ် ဖြစ်သည်၊ ရှေးရှေးပရိကံနှင့် နောက်က အပ္ပနာအား လျော်စွာဖြစ်တတ်သောကြောင့် အနုလုံဟု ခေါ်သည်။ ရှေးရှေးပရိကံဟူသည်လည်း ယခု အပ္ပနာဝီထိတွင်းက ပရိကံကိုသာ ဆိုလိုသည်မဟုတ်၊ အပ္ပနာဝီထိမရောက်မီ ရှေးရှေးဝီထိများမှ အပ္ပနာဖြစ်အောင် စီမံပေးကြသော...

အနုပါဒိသေသ နိဗ္ဗာနဓာတ်

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် ချုပ်ပြီးနောက် (ပရိနိဗ္ဗာန် ဝင်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်သည် “အနုပါဒိသေသနိဗ္ဗာနဓာတ်” မည်၏။ (န= မရှိတော့ + ဥပါဒိ= ဝိပါက်နာမက္ခန္ဓာကမ္မဇရုပ် + သေသ= ကိလေသာတို့မှ...

အနုပါဒိန္နရုပ်

တိဇရုပ်(“စိတ် , ဥတု, အာဟာရ”ဟူသော အကြောင်း ၃-ပါးကြောင့် ဖြစ်သော ရုပ်)ဖြစ်သည်။

အနုပဿနာ ၃ ပါး

၁။ အနိစ္စာနုပဿနာ၊ ၂။ ဒုက္ခာနုပဿနာ၊ ၃။ အနတ္တာနုပဿနာ။

အနုပဿနာ

သင်္ခါရတရားတို့ကို “အနိစ္စ, ဒုက္ခ, အနတ္တ”ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို “အနုပဿနာ” ဟု ခေါ်သည်၊ ဝိပဿနာဉာဏ်ပင် ဖြစ်သည်။ဝိပဿနာကိုလည်း...