ကာယဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ထိသိစိတ်။

ကာယမ္မညတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှုမှာ ခံ့ကျန်းခြင်းသဘော။

ကာယမုဒုတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ နူးညံ့ခြင်းသဘော။

ကာယပ္ပဿဒ္ဓိ

ဝေဒနာ-စသော စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်းသဘော။

ကာယပါဂုညတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှုမှာ ပြွမ်းတီး လေ့လာခြင်း သဘော။(ပြွမ်းတီးဟူသည် အထစ်အငေါ့ မရှိခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်းဟု အဓိပ္ပါယ်ရသည်။(လက်ပွန်းတတီး)။ အဝါးဝစွာ လေ့လာထားသော ကြောင့် ပြွမ်းတီးခြင်း...