ကာယိန္ဒြေ ၁

ထိတွေ့ခြင်းကို လွှမ်းမိုးထားသော ကိုယ်အကြည်ဓာတ်။

ကာယာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကိုယ်။

ကာယာနုပဿနာသတိပဋ္ဌာန် ၁

ကာယမည်သော စက်ဆုပ်ဖွယ် ဆံအစရှိသည်တို့ ဖြစ်ရာ အတ္တဘောကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာမည်၏။ တစ်နည်းအားဖြင့် ထွက်သက် ဝင်သက်တို့၏ အပေါင်းကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာ...