တဏှာ ၁

အာရုံကို တပ်မက်ခြင်းသဘော၊ ရေငတ်သောသူ ရေကို တမ်းတသလို သာယာတပ်မက် စွဲလမ်းမှု။

ဌီခဏ

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ဖြစ်ပြီးသည့်နောက် တည်နေရာကာလကို ဌီခဏ-ဟု ခေါ်သည်။

ဌာန ၁၀ ပါး

၁။ပဋိသန္ဓေဌာန၊ ၂။ဘဝင်ဌာန၊ ၃။အာဝဇ္ဇန်းဌာန၊ ၄။ပဉ္စဝိညာဏ်ဌာန၊ ၅။သမ္ပဋိစ္ဆိုန်းဌာန၊ ၆။သန္တီရဏဌာန၊ ၇။ဝုဋ္ဌောဌာန၊ ၈။ဇောဌာန၊ ၉။တဒါရုံဌာန၊၁၀။...