ပစ္စဝေက္ခဏဝသီဘော်

မနောဒွါရ၏နောက်တွင် ဖြစ်သော ဇောတို့သည် ပစ္စဝေက္ခဏာဇောတို့ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းနောက် ဇောငါးကြိမ်/ လေးကြိမ်၊ ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်းတွင် (ဘဝင်များစွာ မခြားဘဲ) ဈာန်အင်္ဂါကို ဆင်ခြင်သော အာဝဇ္ဇနဝသီဘော်သည် ပစ္စဝေက္ခဏဝသီဘော်...

ပစ္စယုပ္ပန်

ကျေးဇူးပြု၊ ထောက်ပံ့ကူညီပေးမူကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ပစ္စယုပ္ပန်-ဟု ခေါ်သည်။

ပစ္စယသန္နိဿိတသီလ

တရားနည်းလမ်းဖြင့် ရလာသော ပစ္စည်း ၄-ပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်သုံးစွဲမှုသည် “ပစ္စယသန္နိဿိတသီလ” မည်၏။ လူဝတ်ကြောင်တို့အနေဖြင့်လည်း တရားနည်းလမ်းကျသော စီးပွားဖြင့် ရလာသော ပစ္စည်းကို သုံးစွဲခြင်း စားသုံးခြင်းတို့သည် ပစ္စယသန္နိဿိတသီလ...

ပစ္စယပရိဂ္ဂဟဉာဏ်

ကမ္မဋ္ဌာန်းရှုမှတ်ခိုက်မှာပင် နာမ်-ရုပ်တို့၏ အကြောင်းကို ထိုက်သည့်အားလျော်စွာ တွေ့မြင်၍ “အကြောင်း နာမ်-ရုပ်ကြောင့် အကျိုးနာမ်-ရုပ်မျှသာ ဖြစ်ပေါ်နေသည်”ဟု ဆုံးဖြတ်နိုင်သော ဉာဏ်သည် “ပစ္စယပရိဂ္ဂဟဉာဏ်”...