ဩဠာရိကရုပ် ၁၂ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဇိဝှါဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျက်သိစိတ်။

ဇစ္စန္ဓ

မျက်စိအကြည်ဓာတ်ကို ဖြစ်စေနိုင်သော ကံ- မရှိသည့်အတွက် ဖြစ်ပေါ်ရမည့်အချိန်မှာ မျက်စိအကြည်ဓာတ် ဖြစ်ပေါ်မှု မရှိသောသူကို “ဇစ္စန္ဓ”ဟု ခေါ်သည်၊ ဖြစ်ပြီးမှ တစ်စုံတစ်ခုသော ဘေးရန်ကြောင့် စက္ခုပျက်စီးရသူကား ‘ဇစ္စန္ဓ’ မဟုတ်ပါ။ (ဇစ္စန္ဓ-ဟူသော ပုဒ်သည်...

ကုသိုလ်ဝစီကံ ၄ ပါး

၁။မုသာဝါဒဝိရတိ၊ ၂။ပိသုဏဝါစာဝိရတိ၊ ၃။ဖရုသဝါစာဝိရတိ၊ ၄။သမ္ဖပ္ပလာပဝိရတိ ။