ပထမဈာန်

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ဧကဂ္ဂတာ ငါးပါးအစု (ငါးပါးအားလုံးပေါင်း) ကို ပထမဈာန်-ဟု ခေါ်သည်။

ပတ္တိဒါန

မိမိရသော ကုသိုလ်အဖို့ကို အမျှပေးဝေမှု။

ပတ္တာနုမောဒနာ

သူတပါး ပေးဝေသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။

ပဋ္ဌာန်းနည်း

အကြောင်းတရားအကျိုးတရား၊ပစ္စယသတ္တိ” ၃-မျိုးကို စုံလင်စွာ ပြသောနည်းသည် “ပဋ္ဌာန်းနည်း”...