ယောကျ်ား ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို “ပုရိသဘာဝရုပ်”ဟု ခေါ်သည်၊
ရှေးရှေးဘဝတို့၌ ဖြစ်ပျက် တွေ့ကြုံခဲ့သမျှ အကြောင်းကို ပြန်ပြောင်း၍ အောက်မေ့နိုင်သော အဘိညာဉ်။
မဟာကုသိုလ်စိတ် ၈-ခု, ရူပကုသိုလ် ၅-ခု၌ ယှဉ်သော စေတနာ ၁၃-ပါး။
ကုသိုလ်လည်းဖြစ်၊ ပြုလည်း ပြုစီမံတတ်သော တရား။
၁။ ဒါန၊ ၂။ သီလ၊ ၃။ ဘာဝနာ၊ ၄။ အပစာယန၊ ၅။ ဝေယျာဝစ္စ၊ ၆။ ပတ္တိဒါန၊ ၇။ ပတ္တာနုမောဒန၊ ၈။ ဓမ္မဿဝန၊ ၉။ ဓမ္မဒေသနာ၊ ၁၀။ ဒိဋ္ဌိဇုကမ္မ။ (ဒါန-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...