ဗြဟ္မဝိဟာရတရား ၄ ပါး

၁။ မေတ္တာ၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဗြဟ္မဝိဟာရတရား

အပ္ပမညာ ၄-ပါးကို ပွားများ၍ နေထိုင်ခြင်းသည် မြင့်မြတ်အထက်တန်းကျသော နေထိုင်ခြင်းမျိုး ဖြစ်သည်၊ တစ်နည်းအားဖြင့် ဆိုရပါမူ မြင့်မြတ်အထက်တန်းကျသူတို့၏ နေထိုင်ခြင်းမျိုး ဖြစ်သည်၊ ထို့ကြောင့် အပ္ပမညာ ၄-ပါးကို “ဗြဟ္မဝိဟာရ တရား”ဟုလည်း...

ဗြဟ္မပုရောဟိတာ

မဟာဗြဟ္မာတို့၏ ပုရောဟိတ်(အကြံပေး)အရာ၌ တည်သော ဗြဟ္မာများကို ဗြဟ္မပုရောဟိတာ-ဟု ခေါ်သည်။