သုညတာနုပဿနာ

by | Jun 9, 2022 | | 0 comments

“အနတ္တ”ဟု ရှုသော ဝိပဿနာသည် “အတ္တရှိသည်”ဟု ထင်မှတ် စွဲလမ်းမှုကို ပယ်စွန့်နိုင်သောကြောင့် “သုညတာနုပဿနာ”ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုး ဖြစ်သည်၊ (သုညတ= အတ္တမှ ကင်းဆိတ်၏ဟု + အနုပဿနာ= ရှုတတ်သော ဉာဏ်။)

သတိပဋ္ဌာန်

မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်သော သတိထူးကို သတိပဋ္ဌာန်-ဟု ခေါ်သည်။

သုဒဿီ

သူတစ်ပါးတို့ကို ပကတိစက္ခု ပညာစက္ခုတို့ဖြင့် ကောင်းမွန်စွာ ရှုမြင်တတ်သော ဗြဟ္မာများ။