သုညတာနုပဿနာ

by | Jun 9, 2022 | | 0 comments

“အနတ္တ”ဟု ရှုသော ဝိပဿနာသည် “အတ္တရှိသည်”ဟု ထင်မှတ် စွဲလမ်းမှုကို ပယ်စွန့်နိုင်သောကြောင့် “သုညတာနုပဿနာ”ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုး ဖြစ်သည်၊ (သုညတ= အတ္တမှ ကင်းဆိတ်၏ဟု + အနုပဿနာ= ရှုတတ်သော ဉာဏ်။)

သကဒါဂါမိမဂ်

သကဒါဂါမိမဂ်-ဟူသော ဝေါဟာရသည် သကိံ+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သကိံ= တစ်ကြိမ်တည်းသာ၊ အာဂါမီ= (ကာမဘုံသို့) ပြန်လာကြောင်း ဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ဤကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရတော့သည်၊ ဒုတိယအကြိမ်မှ စ၍...

သောတဒွါရိကစိတ် ၄၆ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊ သောတဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သမ္မာဝါယာမ ၂

သောဘနစိတ် တစ်ခုယုတ်ခြောက်ဆယ်၌ရှိသော ဝီရိယစေတသိက်။

သောတပသာဒ

နားအကြဉ်ဓာတ်ကို "သောတပသာဒ"ဟု ခေါ်သည်၊ ထိုသောတပသာဒသည် နားပေါက် အတွင်းဝယ် လက်စွပ်ကွင်းသဏ္ဌာန်ရှိသော အရပ်၌ ပျံ့နှံ့လျက် ဖြစ်,ပျက်...

သုခိန္ဒြေ ၁

ကိုယ်ချမ်းသာခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။