သုညတဝိမောက္ခ

by | Jun 9, 2022 | | 0 comments

ခန္ဓာငါးပါး သင်္ခါတရားတို့၌ အတ္တဇီဝမှ ဆိတ်(သုဉ်း)သည် ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။ (သုညတ= အတ္တမှ ဆိတ်သုဉ်းသည်၊ ဝိမောက္ခ= သံယောဇဉ်-စသည်တို့မှ လွတ်သည်)

သမ္မာဝါစာ

အသက်မွေးမှုနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း သဘော။

သမာဓိန္ဒြေ ၂

ဝီရိယမယှဉ်သော စိတ် ၁၆-ပါးနှင့် ဝိစိကိစ္ဆာသဟဂုတ်မှတစ်ပါး ကြွင်းသောစိတ် ၇၂-ပါး၌ရှိသော...

သန္တိကေရုပ် ၁၂ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သောဘနစိတ်အကျယ် ၉၁ ပါး

၁။ကာမာဝစရစိတ် ၅၄ ပါး၊ရူပါဝစရစိတ် ၁၅ ပါး၊အရူပါဝစရစိတ် ၁၂ ပါး၊လောကတ္တရာစိတ်အကျယ် ၄၀၊ပေါင်း ၉၁ ပါး။(ကာမာဝစရစိတ် ၅၄ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...

သောမနဿိန္ဒြေ ၁

ဝမ်းမြောက်ခြင်း၊ စိတ်ချမ်းသာခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

သုဂတိအဟိတ်ပုဂ္ဂိုလ်

အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဖြင့် သုဂတိဘုံ၌ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်, (ဇီဝိတနဝကကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ်ပုဂ္ဂိုလ်တို့)ကို (ဖြစ်ရာဘုံကို လိုက်၍ 'သုဂတိ'+ပဋိသန္ဓေကို လိုက်၍ 'အဟိတ်'= ယင်း ၂-ရပ်ကို ပေါင်းစပ်လျက်) "သုဂတိအဟိတ်ပုဂ္ဂိုလ်"ဟု...