သိမ်မွေ့သော ရုပ်များ၊ဝါ-ဉာဏ်စက္ခုဖြင့် ကြည့်ရှု ဆင်ခြင်သည့်အခါ ပေါ်လွင်ထင်ရှားစွာ မသိနိုင်သော ရုပ်များ။
သီလဗ္ဗတပရာမာသကာယဂန္ထ ၁
"နွား, ခွေး-စသည်တို့၏ အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်နိုင်သည်"ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော တရားကို "သီလဗ္ဗတပရာမာသ"ဟု ခေါ်သည်၊ (သီလ-နွား, ခွေး-စသည်တို့၏ အလေ့+ဝတ-နွား, ခွေး-စသည်တို့၏ အကျင့်+ပရ-မှားမှားယွင်းယွင်း+အာမာသ-သုံးသပ်...
