သီလဗ္ဗတပရာမာသကာယဂန္ထ ၁

by | Jun 9, 2022 | | 0 comments

“နွား, ခွေး-စသည်တို့၏ အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်နိုင်သည်”ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော တရားကို “သီလဗ္ဗတပရာမာသ”ဟု ခေါ်သည်၊ (သီလ-နွား, ခွေး-စသည်တို့၏ အလေ့+ဝတ-နွား, ခွေး-စသည်တို့၏ အကျင့်+ပရ-မှားမှားယွင်းယွင်း+အာမာသ-သုံးသပ် စွဲလမ်းခြင်း။) ထိုသီလဗ္ဗတပရာမာသသည် သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိ ပဋိသန္ဓေ, ပဋိသန္ဓေ စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် သီလဗ္ဗတပရာမာသကာယဂန္ထ မည်၏။

သကဒါဂါမ်

ဤကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေ လာနေနိုင်သည်၊ သို့သော် ကာမဘုံချင်း ပြောင်းရွှေ့လာနေခြင်းသာ ဖြစ်သည်၊ ဗြဟ္မာ့ပြည်မှ လာနေသည် မဟုတ်ပါ။ ထိုသို့ ကာမဘုံ၌ တစ်ကြိမ်မျှသာ ပဋိသန္ဓေလာနေနိုင်သောကြောင့် "သကဒါဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်။ (သကိံ= တစ်ကြိမ် + အာဂါမီ= ပဋိသန္ဓေ လာနေသူ။)...

သကဒါဂါမိမဂ္ဂဋ္ဌာန်

သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို "သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်" ဟု ခေါ်သည်။ သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သကဒါဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

သမ္ပဋိစ္ဆိုင်းဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် သမ္ပဋိစ္ဆိုင်းဒွေးဟူသည် သမ္ပဋိစ္ဆိုင်း၂ ပါး-ဟု...

သီလဗ္ဗတပရာမာသသံယောဇဉ် ၁

"နွား, ခွေး-စသည်တို့၏ အကျင့်ကို မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် သီလဗ္ဗတပရာမာသသံယောဇဉ်...