သီလဗ္ဗတပရာမာသကာယဂန္ထ ၁

by | Jun 9, 2022 | | 0 comments

“နွား, ခွေး-စသည်တို့၏ အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်နိုင်သည်”ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော တရားကို “သီလဗ္ဗတပရာမာသ”ဟု ခေါ်သည်၊ (သီလ-နွား, ခွေး-စသည်တို့၏ အလေ့+ဝတ-နွား, ခွေး-စသည်တို့၏ အကျင့်+ပရ-မှားမှားယွင်းယွင်း+အာမာသ-သုံးသပ် စွဲလမ်းခြင်း။) ထိုသီလဗ္ဗတပရာမာသသည် သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိ ပဋိသန္ဓေ, ပဋိသန္ဓေ စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် သီလဗ္ဗတပရာမာသကာယဂန္ထ မည်၏။

သမ္မသန

ဘုံသုံးပါး၌ ဖြစ်သော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးပါးဖြင့် ဆင်ခြင်သုံးသပ်ခြင်းသည်...

သလက္ခဏရုပ် ၁၈ ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။ (ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...