သဟဇာတရုပ် ၁

by | Jun 9, 2022 | သ | 0 comments

ဆိုင်ရာ နာမ်ခန္ဓာလေးပါးနှင့် အတူတကွ ဖြစ်တတ်သောကြောင့် သဟဇာတရုပ်-ဟု ခေါ်သည်။

သဒ္ဓါစရိုက်ရှိသူ

သဒ္ဓါအဖြစ်များသူကို "သဒ္ဓါစရိုက်ရှိသူ"ဟု ခေါ်သည်။ ယုံကြည်မှုသဒ္ဓါအား ကောင်းသူများ ဖြစ်သည်။

သမ္မာသင်္ကပ္ပ ၂

"ကာမာဝစရ သောဘနစိတ် ၂၄-ခု, ပထမဈာန် ၁၁-ခု"အားဖြင့် စိတ် ၃၅-ခု၌ရှိသော ဝိတက်။

သဒ္ဒနဝကကလာပ်

အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သဒ္ဒရုပ်နှင့် ပေါင်းစည်းသော် သဒ္ဒနဝကကလာပ်-ဟု ခေါ်သည်။