ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။ (ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
သောတာပန်
သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့ + အာပန္န= ဦးစွာ ပထမ ရောက်သူ-ဟု အဓိပ္ပါယ်ရသည်။ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းကို ဦးစွာ ရသူ၊ ရောက်သူသည် သောတာပန်...