သမ္မသနရုပ် ၁၈ ပါး

by | Jun 9, 2022 | | 0 comments

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။(ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သဝနကိစ္စ

နားထောင်ခြင်းအလုပ်သည် သဝနကိစ္စ မည်၏၊

သောတာပတ္တိမဂ်စိတ်

အရိယာမဂ်သို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သော မဂ်စိတ်သည် သောတာပတ္တိမဂ်စိတ် မည်၏။

သောတဝိညာဏ်

သောတဝိညာဏ်-ဟူသော ပုဒ်သည် သောတ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သောတ= နားထဲ၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ= စိတ်-ဟု...