ကလာပသမ္မသနနည်း-စသောနည်း ၄-ပါးဖြင့် အစဉ်အတိုင်း ရှုရမည်၊ လက္ခဏာထင်အောင် ဆင်ခြင်သုံးသပ်ရမည်၊ ယင်းသို့ ဆင်ခြင်သုံးသပ်သော စိတ်အစဉ်မှာ ဉာဏ်နှင့်ယှဉ်လျက် ရှိသည်၊ ထိုဉာဏ်ကိုပင် “သမ္မသနဉာဏ်”ဟု ခေါ်သည်။
သုညတဝိမောက္ခ
ခန္ဓာငါးပါး သင်္ခါတရားတို့၌ အတ္တဇီဝမှ ဆိတ်(သုဉ်း)သည် ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။ (သုညတ= အတ္တမှ ဆိတ်သုဉ်းသည်၊ ဝိမောက္ခ= သံယောဇဉ်-စသည်တို့မှ...
