အဆင့်ဆင့်အထပ်ထပ် ဈာန်ဝင်စားနိုင်ခြင်း၊ ဤဝသီဘော်သို့ ရောက်ပါက ဈာန်ဝင်စားလိုသည်၏ နောက် ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်း အာဝဇ္ဇန်း၏နောက်တွင် ဈာန်ကို ဝင်စားနိုင်သည်။
သောတာပန်
သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့ + အာပန္န= ဦးစွာ ပထမ ရောက်သူ-ဟု အဓိပ္ပါယ်ရသည်။ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းကို ဦးစွာ ရသူ၊ ရောက်သူသည် သောတာပန်...
