အဆင့်ဆင့်အထပ်ထပ် ဈာန်ဝင်စားနိုင်ခြင်း၊ ဤဝသီဘော်သို့ ရောက်ပါက ဈာန်ဝင်စားလိုသည်၏ နောက် ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်း အာဝဇ္ဇန်း၏နောက်တွင် ဈာန်ကို ဝင်စားနိုင်သည်။
သောတဒွါရိကစိတ် ၄၆ ပါး
အကုသိုလ်စိတ် ၁၂ ပါး၊ သောတဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...