ကာယဝိညာဏ်

by | Jun 9, 2022 | က | 0 comments

ကာယဝိညာဏ်-ဟူသော ပုဒ်သည် ကာယ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ကာယ= ကိုယ်ပေါ်၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ= စိတ်။

ကဗဠီကာရာဟာရ၁

ဩဇာလျှင် ရှစ်ခုမြောက်သော အာဟာရဇအဋ္ဌကလာပ်ရုပ်-စသည်ကို ဖြစ်စေတတ်သောကြောင့် ဩဇရုပ်သည် ကဗဠီကာရာဟာရ...

ကြိယာစိတ် ၂၀

အဟိတ်ကြိယာစိတ် ၃ ပါး၊မဟာကြိယာစိတ် ဂ ပါး၊ရပါဝစရကြိယာစိတ် ၅ ပါး၊အရူပါဝစရကြိယာစိတ် ၄ ပါး၊ပေါင်း ၂၀။

ကာမာဝစရ ၁၁ ဘုံ

အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊ ပေါင်း ၁၁ဘုံ။ (အပါယ် ၄-ဘုံ-စသည်ကိုလည်း ရှု။)

ကုသိုလ်ဝစီကံ ၄ ပါး

၁။မုသာဝါဒဝိရတိ၊ ၂။ပိသုဏဝါစာဝိရတိ၊ ၃။ဖရုသဝါစာဝိရတိ၊ ၄။သမ္ဖပ္ပလာပဝိရတိ ။