ကာယဝိညာဏ်

by | Jun 9, 2022 | က | 0 comments

ကာယဝိညာဏ်-ဟူသော ပုဒ်သည် ကာယ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ကာယ= ကိုယ်ပေါ်၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ= စိတ်။

ကာမယောဂ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကာယုဇုကတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ဖြောင့်မတ်ခြင်းသဘော။

ကမ္မဇကလာပ် ၉ စည်း

၁။ဇီဝိတနဝကကလာပ်၊ ၂။စက္ခုဒသက ကလာပ်၊ ၃။သောတဒသက ကလာပ်၊ ၄။ဃာနဒသက ကလာပ်၊ ၅။ဇိဝှါဒသက ကလာပ်၊ ၆။ကာယဒသက ကလာပ်၊ ၇။ပုမ္ဘာဝဒသက ကလာပ်၊ ၈။ဣတ္ထိဘာဝဒသက ကလာပ်၊ ၉။ဝတ္ထုဒသက ကလာပ်။(ကံကြောင့်ဖြစ်သော ရုပ် ၁၈ ပါးမှ ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။...

ကာယဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ထိသိစိတ်။

ကရုဏာ

ဒုက္ခရောက်နေသော သူကို အာရုံပြု၍ သနားခြင်းသဘော။