သဘာဝရုပ် ၁၈ ပါး

by | Jun 9, 2022 | | 0 comments

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။ (ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သုခသဟဂုတ်

သုခသဟဂုတ်-ဟူသော ပုဒ်သည် သုခ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သုခ= သုခဝေဒနာနှင့်၊ ဝါ- ချမ်းသာခြင်းနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု အဓိပ္ပါယ်...

သဒ္ဓါစရိုက်ရှိသူ

သဒ္ဓါအဖြစ်များသူကို "သဒ္ဓါစရိုက်ရှိသူ"ဟု ခေါ်သည်။ ယုံကြည်မှုသဒ္ဓါအား ကောင်းသူများ ဖြစ်သည်။

သတိ

အောက်မေ့ခြင်း မမေ့လျော့ခြင်းသဘော။