သဘာဝရုပ် ၁၈ ပါး

by | Jun 9, 2022 | သ | 0 comments

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။ (ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သဘာဝရုပ်

“ခက်မာခြင်း" အစရှိသော ကိုယ်ပိုင်လက္ခဏာ အသီးအသီး ရှိသော ရုပ်များ။

သမထဘာဝနာ

နီဝရဏ-စသည်တို့ကို ငြိမ်သက်စေနိုင်၊ ငြိမ်းစေနိုင်သော သမာဓိကို "သမထဘာဝနာ"ဟု ခေါ်သည်၊

သုညတနိဗ္ဗာန်

ရာဂ, ဒေါသ, မောဟနှင့် ခန္ဓာ ၅-ပါးတို့၏ ဆိတ်သုဉ်းပုံ အခြင်းအရာကို စွဲမှတ်၍ "သုညတနိဗ္ဗာန်" ဟု ခေါ်သည်။