သန္တီရဏစိတ် ၃ ပါး

by | Jun 9, 2022 | သ | 0 comments

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်၊၃။ အဟိတ်ကုသလဝိပါက် သောမနဿသဟဂုတ် သန္တီရဏစိတ်၊

သောတာပတ္တိမဂ်

သောတာပတ္တိမဂ်-ဟူသော ဝေါဟာရသည် သောတ+အာပတ္တိ+မဂ္ဂ-ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့၊ အာပတ္တိ= ဦးစွာ ပထမ ရောက်ကြောင်းဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤ၌ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ သမ္မာဒိဋ္ဌိ-စသော...

သတိန္ဒြေ ၁

အောက်မေ့ခြင်းကိစ္စ၊အမှတ်ရခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

သောတာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော နား။