သန္တိကေရုပ်

by | Jun 9, 2022 | | 0 comments

နီးသော ရုပ်များ၊ဝါ-နီးကပ်နေသော ဝတ္ထုကို ယူဖို့ရာ လွယ်သကဲ့သို့ ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်သည့်အခါ ထင်လွယ် မြင်လွယ် သိလွယ်သော ရုပ်များ။

သညာ

အာရုံကို မှတ်သိသိခြင်းသဘော၊ အာရုံကို မှတ်သားလျက် သိခြင်းသဘော

သဟဇာတရုပ် ၂

ပဝတ္တိအခါ စိတ္တဇရုပ်၊ ပဋိသန္ဓေအခါ ကမ္မဇရုပ်။

သမထကမ္မဋ္ဌာန်း ၄၀

ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ အနုဿတိ ၁၀-ပါး၊ အပ္ပမညာ ၄-ပါး၊ အာဟာရ ပဋိကူလ သညာ ၁-ပါး၊ စတုဓာတုဝဝတ္ထာန် ၁-ပါး၊ အာရုပ္ပ ၄-ပါး။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သောက ၁

ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ပူပန်ခြင်းသည် "သောက" မည်၏။

သောဘနစေတသိက် ၂၅ ပါး

သောဘနသာဓာရဏစေတသိက် ၁၉ ပါး၊ ဝိရတီစေတသိက် ၃ ပါး၊ အပ္ပမညာစေတသိက် ၂ ပါး၊ ပညိန္ဒြေစေတသိက်။ (သောဘနသာဓာရဏစေတသိက် ၁၉ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...