ဝေဟပ္ဖိုလ်ဘုံ

by | Jun 9, 2022 | ဝ | 0 comments

ဝေဟပ္ဖိုလ်ဗြဟ္မာတို့ နေရာ ဘုံ။

ဝိက္ခိတ္တကအသုဘ

ထိုထိုအရပ်သို့ ခေါင်းတခြား ကိုယ်တခြား လက်ခြေတခြားစီ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်။

ဝိသုဒ္ဓိ

အထူးစင်ကြယ်သော တရားကို "ဝိသုဒ္ဓိ" ဟုခေါ်သည်။ (ဝိ= အထူး၊ သုဒ္ဓိ= စင်ကြယ်ခြင်း)။

ဝိရတီစေတသိက် ၃ ပါး

၁။ သမ္မာဝါစာ၊ ၂။ သမ္မာကမ္မန္တ၊ ၃။ သမ္မာအာဇီဝ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)