ဝေဒနာ ၂

by | Jun 9, 2022 | ဝ | 0 comments

မျက်စိအတွေ့ကြောင့် ဖြစ်သော ခံစားခြင်း, နားအတွေ့ကြောင့် ဖြစ်သော ခံစားခြင်း, စသော ဝေဒနာ ၆ ပါး ဟူသော လောကီဝိပါက် ၃၂-ခု၌ယှဉ်သော ဝေဒနာ စေတသိက်။

ဝိမောက္ခ

ကိလေသာတို့မှ လွတ်သော မဂ်တရား, ဖိုလ်တရားကို "ဝိမောက္ခ"ဟု ခေါ်သည်။

ဝိပါက်စိတ်

ဝိပါက်စိတ်-ဟူသည် ကုသိုလ်အကုသိုလ်တို့၏ အကျိုးဖြစ်သော စိတ်။

ဝေဟပ္ဖိုလ်

ပြန့်ပြောကြီးမားသော အကျိုးရှိသော ဗြဟ္မာများကို ဝေဟပ္ဖိုလ်ဗြဟ္မာဟု ခေါ်သည်။